Sky Bridge အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း
Sky Bridge အိမ်ခြံမြေလုပ်ငန်းကို ဂျပန်နိုင်ငံတွင် ပညာသွားရောက် လေ့လာကြသော နိုင်ငံတကာကျောင်းသားများမှ စတင်တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံမှ အဆင့်အတန်းမြင့်မားသော ၀န်ဆောင်မှုများနှင့် အိမ်ခြံမြေလုပ်ငန်းများအတိုင်း မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍တည်ထောင်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တိုကုမ္ပဏီသည် လုံးချင်းအိမ်များ၊ တိုက်ခန်းများ ၊ မြေများ ၊ ရုံးခန်းများ ၊ စက်မှုလုပ်ငန်းများအတွက် မြေကွက်များ နှင့် အိမ်ယာများ ရောင်းဝယ်ငှားရမ်းနိုင်ရန် အတွက် ၀န်ဆောင်မှု ပေးနေသော လုပ်ငန်းဖြစ်ပါသည်။ See our real estate entries.
အိမ်ခြံမြေနှင့်ပက်သက်၍ ဥပဒေကြောင်းဆိုင်ရာ အကြံပေးခြင်း၊ စီမံခန်ခွဲပေးခြင်း လုပ်ငန်းများကိုလည်းဆောင်ရွက်ပေးပါသည်။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
   မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်
မြန်မာနိုင်ငံ၏အိမ်ခြံမြေဈေးကွက်မှာ တိုးတက်လျက်ရှိပြီး ထိုသို့ဖြစ်လာရခြင်းအကြောင်းမှာ ဂျပန်နိုင်ငံ Mitusi Corp မှတည်ထောင်ထားသော မင်္ဂလာဒုံစက်မှုဇုံ ကို တစ်ဧကလျင် သိန်း ၂၀၀၀ဖြင့် Chinese Company Group မှ ၀ယ်ယူလိုက်ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် လုပ်ငန်းစုတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မှာလည်း ၂၀ဧကအထိ တိုးချဲ့မြှုပ်နှံ လုပ်ကိုင်လာကြသည် ။
အိမ်ခြံမြေငှားရမ်းခ တိုးတက်လာခြင်း
မြန်မာနိုင်ငံတွင် စက်မှုဇုံများတွင်သာမကဘဲ အိမ်ခန်းများ၊ ဆိုင်ခန်းများ၏ ငှားရမ်းခများလည်း တိုးတက်လာခဲ့သည်။ ကမာရွတ်မြို့နယ်အတွင်းရှိ လူစည်ကားသော ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင်ရှိသည့် စတိုးဆိုင်များ၏ ငှားရမ်းခများမှာ ငါးနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
အိမ်ခြံမြေဈေးနှုန်းများ တစ်ဆထက်တစ်ဆတိုးတက်လာနိုင်ခြင်း
မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းဖွံဖြိုးမှုမှာတိုးတက်လာလျက်ရှိပြီး တရုတ်နှင့်ထိုင်းနိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံကို အဓိကထား လုပ်ကိုင်လာကြသည်။ နောင်မကြာမီ ကာလအတွင်း ဂျပန် ၊ အမေရိကန်နှင့် အနောက်နိုင်ငံများမှပင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည်ဟု ခန့်မှန်းရသည်။ အိမ်ခြံမြေ ဈေးကွက်တိုးတက်မှုမှာ အစောဆုံးအဆင့်သို့ ရောက်ရှိပြီး နောက်လာမည့်အနှစ် ၂၀ အတွင်း ဆက်လက်တိုးတက်မည်မှာ သံသယဖြစ်စရာမလိုပေ ။
မြန်မာနိုင်ငံ၏အိမ် ခြံ မြေ ဈေးကွက်အကြောင်း အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
   မြန်မာနိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်းများ
ယခုအခါ မြန်မာနိုင်ငံတွင် အိမ်ခြံမြေနှင့် ပက်သက်သော စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်း အနေဖြင့်သော်လည်းကောင်း လုပ်ကိုင်လာကြသော်လည်း အများစုမှာ အစိုးရမှချမှတ်ပေးထားသော လိုင်စင်ဖြင့် လုပ်ကိုင်နေကြခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အိမ်၊ခြံ၊မြေ လုပ်ငန်းပေါင်း ၂၀၀ ကျော်ခန့်ရှိသည့်အနက် ၁၀ခု လောက်သာလိုင်စင်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည် ။
ထိုသို့လိုင်စင်မဲ့ လုပ်ကိုင်မှုများကြောင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်း လုပ်ငန်းတွင် ပြဿနာများ ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ထိုပြဿနာများကို ရှောင်ရှားရန်မှာ အိမ်၊ခြံ မြေ များ ရောင်းဝယ်ငှားရမ်းရာတွင် မှန်ကန်သော အကျိုးဆောင်လုပ်ငန်းကို ဂရုစိုက်ရွေးချယ်ရန် လိုအပ်ပေသည်။ Sky Bridge ကုမ္ပဏီ သည် အစိုးရထံမှ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသည့်အပြင် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးဝန်ဆောင်မှု အဆင့်ဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း ဖြစ်သည့်အတွက် Sky Bridge ကုမ္ပဏီ ၏ ၀န်ဆောင်မှုအား အပြည့်အ၀ယုံကြည်မှု ထားရှိနိုင်ပါသည် ။အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်…
ကျွန်ုပ်တို့သည် လုပ်ငန်း၏ဆောင်ပုဒ်ဖြစ်သော “သုံးစွဲသူ၏ကျေနပ်မှုသည်ပထမ” ဖြစ်သည်ဟု ခံယူထားသည့်အတိုင်း ဂျပန်နိုင်ငံတွင် စတင်အခြေချနေထိုင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများအရ ဂျပန်နိုင်ငံ၏ အဆင့်အတန်းမြင့် စံသတ်မှတ်ထားသော ၀န်ဆောင်မှုပေးသည့် ပုံစံဖြင့်လုပ်ကိုင်လျက်ရှိသောကြောင့် အခြားသောဝန်ဆောင်မှုပေးသည့် လုပ်ငန်းများထက်သာလွန်ကောင်းမွန်ပါသည်။
ထို့ပြင် ကျွန်ုပ်တို့လုပ်ငန်းတွင် မြန်မာ ၊ အင်္ဂလိပ် ၊ ဂျပန် ၊ တရုတ် ဘာသာလေးမျိုးဖြင့် ၀န်ဆောင်မှုပေးထားသောကြောင့် နိုင်ငံခြားသား များအနေဖြင့်လည်း ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်လုပ်ကိုင်နိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်